ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို စမ်းသပ်ပြီးကြောင်းနဲ့ ဆေးက ဘေးအန္တရာယ် ကင်းကြောင်း ရုရှားစစ်တပ် ပြောကြား
ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို စေတနာ့ ဝန်ထမ်းအုပ်စု တစ်ခုကို စမ်းသပ်ရာ ဆေးဟာ ဘေးအန္တရာယ် ကင်းရှင်းကြောင်း ကာကွယ်ရေးဝန်ကြီးက ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ ထုတ်ပြန် ကြေညာပါတယ်။







