ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ကင်ဂျုံအန်း ဉီးဆောင်ဆွေးနွေး
ကိုရိုနာဗိုင်းရပ်စ် ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အစည်းအဝေးပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက  ဉီးဆောင်ပြီး ယမန်နေ့က ကျင်းပခဲ့ကြောင်း  နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
ဗိုင်းရပ်စ်ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် သီးခြားခွဲနေမည်

ဩစတြီးယားမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန် ကျောင်းနဲ့ ဆိုင်တွေပိတ်ရန် ညွှန်ကြား
ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေပိတ်ရန် အစိုးရအဖွဲ့က ဆုံးဖြတ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရိုမေးနီးယားနိုင်ငံ၌ ဆေးရုံမီးလောင်မှုကြောင့် ကိုဗစ်-၁၉ ရောဂါလူနာ ၁၀ ဦးသေဆုံး
နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းက ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆေးဝါးကုသမှုခံယူနေကြတဲ့ ကိုဗစ်-၁၉ ရောဂါလူနာ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ရိုမေးနီးယားကျန်းမာရေးဝန်ကြီး နေလူတာရာရူက ဒီနေ့အတည်ပြု ပြောကြားပါတယ်။