Moderna ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိဟု ဆို
အမေရိကန်ဆေးဝါး ကုမ္ပဏီဖြစ်သည့် Moderna က ၎င်းတို့ ထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူနှင့် ထိတွေ့ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် သီးခြားခွဲနေမည်
ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ တစ်ဦးနှင့် ထိတွေ့ခဲ့မှုကြောင့် ၎င်းအနေဖြင့် သီးခြားခွဲနေရမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ပြောသည်။
ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် စည်းမျဉ်းတွေ နောက် လေး၊ ငါး လအထိ ရှိသွားမယ်လို့ စီးပွားရေးဝန်ကြီးက သတိပေး

ဩစတြီးယားမှာ ဗိုင်းရပ်စ်ပိုး တားမြစ်ချက်ကို အထောက်အကူပြုရန် လူအမြောက်အများကို ပိုးစစ်ဆေးပေးမယ်
ဩစတြီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန်အတွက် ဒုတိယအကြိမ် အသွားအလာ ကန့်သတ်မှု (lockdown) တားမြစ်ချက်ကို အထောက်အကူပြုရန် လူအမြောက်အမြားကို ပိုးစစ်ဆေးပေးမယ်လို့ ဝန်ကြီးချုပ် စဘတ်စတိုင်း ကတ်ဇ် က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ၁၃၀၀၀၀ ထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ် ၃၀၅၄၈ ဉီးရှိခဲ့ပြီး  တနင်္လာနေ့အတွင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၈၈၄၅၁၂၇ ဉီးရှိခဲ့ပြီး စံချိန်တင် ကူးစက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။
အယ်လ်ဂျီးရီးယားမှာ တားမြစ်ချက် အသစ်ထုတ်ပြန်
အယ်လ်ဂျီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အရေအတွက် တိုးလာတဲ့အတွက် တားမြစ်ချက် အသစ်တွေ ထုတ်ပြန်ကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။