တာလီဘန်စစ်သွေးကြွများနှင့်အာဖဂန်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား ခြောက်ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ တာဟားပြည်နယ်မြောက်ပိုင်း ဘာဟာရတ်ခ်ခရိုင်ရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်များကို တာလီဘန်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် စစ်သွေးကြွများထိခိုက်သေဆုံးမှုများ ဖြစ်ပွားပြီး ထွက်ပြေးသွားခဲ့ကြကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဂျာဝတ်ဟာဂျာရီက ယနေ့ပြောကြားခဲ့သည်။
ဩစတြေးလျတောမီး လောင်ကျွမ်းမှု ငြှိမ်းသတ်နေစဉ် လေယာဉ်ပျက်ကျမှု ဖြစ်ပွား သုံးဦးသေဆုံး
ဩစတြေးလျတောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေစဉ် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်အမှုထမ်း သုံးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
ဂရိကျွန်းများပေါ်ရှိ ရွှေ့ပြောင်းနေထိုင်သူများရဲ့ ယာယီတဲများချက်ချင်းဖယ်ရှားရေးအတွက် တောင်းဆို
ဂရိနိုင်ငံပိုင် လက်ဘို့စ်၊ ဆီးမို့စ်နဲ့ ချိုင်အို့စ် ကျွန်းများပေါ်မှာ ရောက်ရှိနေတဲ့ နိုင်ငံရွှေ့ပြောင်းနေထိုင်သူများရဲ့ ယာယီတဲများကို ဖျက်သိမ်းပေးရန်နဲ့ ခိုလှုံခွင့်တောင်းခံထားသူများကို ချက်ချင်းဖယ်ရှားပေးရန် ဒေသခံများက မနေ့က တောင်းဆိုဆန္ဒပြနေကြပါတယ်။
ဝူဟန်မြို့သို့ မသွားရောက်ရန် တားမြစ်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀၀ နီးပါးရှိလာ
တရုတ်နိုင်ငံ ဟာဘီပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ဖြစ်သည့် အဆုတ်ရောင်ရောဂါကြောင့် လူရှစ်ဉီးသေဆုံးခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပေးပို့
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်သည် ယမန်နေ့က တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပေးပို့ရာတွင် ကုလသမဂ္ဂကို ပံ့ပိုးပေးမှုအတွက် တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံသားများကို ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။
လက်ဘနွန်တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှုများဖြစ်ပွား ၅၂ဉီး ဒဏ်ရာရ
ဘေရွတ်မြို့လယ်တွင် ရာပေါင်းများစွာရှိသည့် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ညနေပိုင်းက ပဋိပက္ခများ ဖြစ်ပွားရာ လူပေါင်း ၅၂ဉီး ဒဏ်ရာရရှိခဲ့ကြောင်း LBCI TV ရုပ်သံသတင်းဌာနက ထုတ်ပြန်ခဲ့သည်။ 
တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် ဂျပန်ဧည့်ခရီးသွားအရေအတွက် ၂၀၁၉ ခုနှစ်တွင် ပိုမိုများပြား
တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် ဂျပန်ခရီးသွားဧည့်အရေအတွက်မှာ ပြီးခဲ့နှစ်က ပိုမိုများပြားလာခဲ့သည်ဟု ဖော်ပြထားသည်။