TikTok ဆော့နေစဉ် ရထားတိုက်မိတဲ့အတွက် လူငယ်တစ်ဦး သေဆုံး

Pfizer ဆေးကုမ္ပဏီက ကာကွယ်ဆေး သန်း ၄၀ ကို  အမြတ်အစွန်းမယူဘဲ ရောင်းပေးမယ်လို့ ကြေညာ

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၆၀၀,၀၀၀ ကျော်အထိ ဖြစ်သွားနိုင်ကြောင်း သမ္မတ ဘိုင်ဒင် သတိပေး ပြောကြား

စွပ်စွဲပြစ်တင်မှုအတွက် သမ္မတဟောင်း ထရမ့်အား အချိန်ပေးရန် ရီပတ်ဘလီကန်တို့ ပန်ကြား
ဒီမိုကရက်တို့ တင်သွင်းထားသည့် သမ္မတဟောင်း ထရမ့် အပေါ် စွပ်စွဲပြစ်တင်ချက်အတွက် ရုံးတင်စစ်ဆေးမှုကို လာမည့် ဖေဖော်ဝါရီလရောက်မှသာ ဆောင်ရွက်ရန် ရီပတ်ဘလီကန်တို့က ယမန်နေ့တွင် ပန်ကြားခဲ့သည်။ ထရမ့်အနေဖြင့် ခုခံချေပနိုင်ရေးအတွက်အချိန်ယူရမည်ဖြစ် သဖြင့် အဆိုပါကိစ္စရပ်ကို ဖေဖော်ဝါရီလအထိ ဆိုင်းငံ့ထားရန် ရီပတ်ဘလီကန်တို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အစ္စရေး၌ Pfizer ကိုပစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများ ရောဂါကူးစက်ခံရ
အစ္စရေးနိုင်ငံတွင် Pfizer ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံထားပြီးသူ ၁၂၄၀၀ တို့၌ ဗိုင်းရပ်စ် ကူးစက်ခံရသည်ကို တွေ့ရှိခဲ့ရပြီးနောက် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ဆိုသည့် Pfizer ကာကွယ်ဆေး၏ အာနိသင်နှင့်စပ်လျဉ်း၍ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်ရှိလာ
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံး ၅၀,၀၀၀ ကျော်ရှိလာကြောင်း ရောဂါပိုး ထိန်းချုပ်ရေး Robert Koch Institute (RKI) ကနေ ဒီနေ့(သောကြာနေ့)မှာ ထုတ်ပြန်ကြေညာပါတယ်။