ဂုတ်တွင်းတံတား ဘေလီထိုးခြင်းလုပ်ငန်း အမြန်ဆုံးပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ

ယနေ့ မွန်းလွဲ ၃ နာရီခွဲမှစတင်၍ (၃)လွှာ တစ်ထပ် အရှည်(၂၁၀ ပေ) နှစ်လမ်းသွား ဘေလီတံတား (ဂုတ်တွင်းတံတား) ၏ သံဘောင်များ တပ်ဆင်တည်ဆောက်နေပြီဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်း/တံတား အထူးအဖွဲ့ အင်ဂျင်နီယာများမှ ဂုတ်တွင်းတံတား  (မန္တလေး - နောင်ချို - လားရှိုးလမ်း) ဘေလီထိုးခြင်းလုပ်ငန်း အမြန်ဆုံးပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဂန့်ဂေါမြို့တွင် စားသုံးသူများ ဘေးကင်းလုံခြုံရေး အသိပညာပေးဟောပြော
ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီတွင် ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူများ ဘေးကင်းလုံခြုံရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ရပ်ကွက်နေပြည်သူ ၁၀ဝ ကျော် တက်ရောက်သည်။
အခြေခံ မိတ်ကပ်လိမ်းနည်းနှင့် ဆံထုံးထုံးနည်းသင်တန်း ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်
ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ နှင့် Women Club တို့ ပူးပေါင်း၍ အခြေခံ မိတ်ကပ်လိမ်းနည်းနှင့် ဆံထုံးထုံးနည်း သင်တန်းဖွင့်ပွဲကို သြဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အများပြည်သူပန်းဖြေရာ ရေတံခွန်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော အများပြည်သူပန်းဖြေလျက်ရှိသည့် သရက်ချောင်းရေတံခွန်အတွင်း သန့်ရှင်းသာယာစေရေးနှင့် အနယ်နယ်အရပ်ရပ် မှ ရေကစားလာသူများ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြခဲ့ကြသည်။
ကန်သာယာကန်ကြီး အကြီးစားပြင်ဆင်မှုလုပ်ငန်းများ ပြီးစီးပါက ပြည်သူ့အပန်းဖြေစရာ နေရာတစ်ခု အဖြစ်ဆက်လက်ဖော်ဆောင်သွားမည်ဟုဆို
မုံရွာမြို့တွင် အများပြည်သူအပန်းဖြေစရာ နေရာတစ်ခုဖော်ဆောင်နိုင်ရန်အတွက် ကန်သာယာကန်ကြီးအား ယခုလဆန်းပိုင်းမှစတင်ပြီး ကန်အောက်ခြေ မြေသားအနက်တူးဖော်ခြင်း၊ ............
အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ဖနွမ်းပင် - ရန်ကုန် ခရီးစဉ်သစ် စတင်ပြေးဆွဲပျံသန်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် JC (ကမ္ဘောဒီးယား )အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း၏ ဖနွမ်းပင် - ရန်ကုန် ခရီးစဉ်သစ်ကို ယနေ့ စတင်ပျံသန်းပြေးဆွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
ငလျင်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ သြဂုတ် ၁၆ ရက် နံနက်(၁၁)နာရီခွဲအချိန်က ပြည်တော်သာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ............