မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံသို့ အင်းတော်ကြီးမြို့မှ တောင်သူ ၅၀ ကျော် လေ့လာရေးလာရောက်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအုပ်စု ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး ဘေးတွင်တည်ရှိသည့် မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံသို့ အင်းတော်ကြီးမြို့မှ ဒေသခံတောင်သူ ၅၄ ဦးသည် အောင်မြင်ဖြစ်ထွန်းနေသည့် သုတေသနပြုလုပ် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ စမ်းသပ်စိုက်ကွင်းများ လေ့လာနိုင်ရန် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် လာရောက်ခဲ့ကြသည်။





