ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတဝန်းမှ အလှူရှင်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လာရောက်လှူဒါန်းလျက်ရှိသည်။ 
တက္ကသိုလ်များ ဓမ္မာရုံ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်များ ဓမ္မာရုံ၌ ကျင်းပသည်။
ဘားအံမြို့နယ် မြို့ပေါ်ရပ်ကွက်အလိုက် ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့ရှိ ကိုယ်ဝန်ဆောင်များနှင့်----------
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်/ကျေးရွာနေ ပြည်သူလူထုနှင့်တွေ့ဆုံ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ---------
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်းဆင်းပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အရာထမ်းများအား ဆွေးနွေးသင်ကြားပို့ချပေးလျက်ရှိသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီခွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သံလမ်းနှစ်ခုကြား ရေနုတ်မြောင်းများတူးဖော်မှုဖြင့် ရထားလမ်းရေဝပ်ရေလျှံမှု လျော့နည်းကျဆင်းလာ၍ ခရီးသွားလာမှုအဆင်ပြေ
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အရှေ့ခြမ်း၊ အနောက်ခြမ်း နှစ်ပိုင်းခွဲ၍ မြန်မာ့မီးရထားမှ ခရီးစဉ်များကိုပြေးဆွဲလျက်ရှိရာ---------
ဖားကန့်မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်မည်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း အစီအစဉ်ကို ယခုလနောက်ဆုံးပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ဖားကန့်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့မိ/မြို့ဖများ တွေ့ဆုံ၍ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။