ဗန်းမောက်မြို့နယ် သမိုင်းဝင်ဣစ္ဆာသယဇလုံတောင် အပန်းဖြေဆင်စခန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် သမိုင်းဝင် ဣစ္ဆာသယ ဇလုံတောင်တွင် ယနေ့ နံနက်ပိုင်းက အဆိုပါ ဇလုံတောင်ခြေ C.B.T စခန်းအနီးတွင် ကသာအနောက်သစ်ထုတ်ရေးဒေသ၏ ဇလုံတောင် အပန်းဖြေဆင်စခန်ကို ဖွင့်လှစ်ခဲ့သည်။






