ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် မြားပစ် အားကစားနည်း ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် (၃) ကြိမ်မြောက် ဟန်ဒါဖလား ဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား တွေ့ဆုံ
၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ Clark City မြို့တွင် စက်တင်ဘာ (၈) ရက်မှ (၁၅) ရက်အထိ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ ဂျပန်နိုင်ငံ အိုကာစကီမြို့တွင် စက်တင်ဘာ (၁၁) ရက်မှ (၂၁) ရက်အထိ မြားပစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် (၃)ကြိမ်မြောက် ဟန်ဒါဖလား ဖိတ်ခေါ်မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်/နည်းပြ အားကစားသမားများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းတည့် (၁၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။







