ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဗီယက်နမ်နိုင်ငံ လေ့လာရေးခရီးစဉ် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၌ ဗီယက်နမ်နိုင်ငံ လေ့လာရေးခရီးစဉ် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ ကျင်းပသည်။




