ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသစ် စက်တင်ဘာ ၂၃ ရက်တွင် ယာဉ်အစီးရေ ၂၀ ဖြင့် စတင်ပြေးဆွဲမည်

ရန်ကုန်မြို့ပတ် ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်တွင် ယာဉ်အစီး ရေ ၂၀ ဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
ကျွန်းစုမြို့နယ် ကျောက်တန်းငယ်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေပြိုကျ၍ လူနေအိမ်နှစ်လုံးပြိုကျပျက်စီး
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဘန်ဒနဲကျေးရွာအုပ်စု ကျောက်တန်းငယ်ကျေးရွာ၌ စက်တင်ဘာ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်း၍ တောင်မြေပြို ကျ မှု ကြောင့် လူနေအိမ်နှစ်လုံးပြိုကျ ပျက်စီးကာ လူနှင့်တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရ
သဲ၊ သဲကျောက်စရစ်ထုတ်လုပ်ခွင့်လျှောက်ထားသည့်လုပ်ကွက်ကွင်းအမှတ်များသို့ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဲ၊ သဲကျောက်စရစ် ထုတ်လုပ်ခွင့်လျှောက်ထားသည့်လုပ်ကွက်ကွင်းအမှတ်များသို့ ကော်မတီအဖွဲ့တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရ
ကလိန်အောင်မြို့၌ ကွမ်းသီးပင်စနစ်တကျ စိုက်ပျိုးထိန်းသိမ်းခြင်းနည်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးဆွေးနွေးပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံး၌ ယမန်နေ့ မနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ တောင်သူများအား ကွမ်းသီးပင်စနစ်တကျ စိုက်ပျိုးထိန်းသိမ်းခြင်းနည်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့
ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆိုလာစနစ်ဖြင့် ကျေးရွာနှစ်ရွာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်သွားမည်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သားလုလင်ကျေးရွာနှင့် သာလာကျေးရွာများ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး(NEP) စီမံကိန်း ICB-3ဖြင့် တစ်အိမ်သုံးဆိုလာစနစ်မီးရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ
ဝက်လက်မြို့နယ်တွင်  လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ပေါ်  သစ်ပင်ပြိုလဲ  ခေါင်မိုးနှင့်မျက်နှာကြက်ပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင်  စက်တင်ဘာ  ၁၈ ရက် ညနေ ၄ နာရီခွဲ က  လေပြင်းတိုက်ခတ်မှုကြောင့် ဝက်လက်မြို့နယ် ပေါက်ကံကျေးရွာအုပ်စု ပေါက်ကံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ သစ်ပင်ပြိုလဲမှု ဖြစ်ပွားခဲ့ကြောင်း  ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမြင့်ထံမှ သိရ
ပဲခူးမြို့တွင် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲ ကျင်းပ
(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက  ပဲခူးမြို့ ဟင်္သာလမ်းရှိ ပဲခူးတိုင်းဒေသကြီး ရိုးရာခြင်း အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့