ကျောင်းသား ကျောင်းသူများ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
ကျောင်းသား ကျောင်းသူများ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးတတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် မြန်မာစာလုံးပေါင်း သတ်ပုံအမှန်ရွေးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။







