ကော့သောင်းမြို့တွင် အသံကျယ်ပါဝါအိတ်ဇောနှင့် အသံကျယ်ဟွန်းများ ဖျက်ဆီး

ကော့သောင်းမြို့ပေါ် မောင်းနှင်သွားလာလျှက်ရှိသည့် မော်တော် ဆိုင်ကယ်များတွင် မော်တော်ယာဉ်ဥပဒေနှင့် မညီညွတ်သည့် အသံကျယ် ပါဝါအိတ်ဇောများ၊ အသံကျယ်ဟွန်းများ တပ်ဆင်မောင်းနင် လျှက်ရှိသည့် မော်တော်ဆိုင်ကယ်များမှ သိမ်းဆည်းရမိသည့်   အသံကျယ်ပါဝါအိတ်ဇောများကို  ယနေ့ နံနက်ပိုင်း က  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး ရှေ့ ကွင်းပြင်ဖျက်ဆီးခဲ့ကြောင်း သိရ
မုံရွာမြို့၌ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အကြိုစုပေါင်းသွေးလှူဒါန်း
အမှတ်(၉)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲရုံးနှင့် အမှတ်(၂၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့ ပူးပေါင်း၍ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုအကြို စုပေါင်းသွေးလှူဒါန်းပွဲကို မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရ
အသေးစားနှင့်အလတ်စားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဝဉ၊ထောပတ်၊စပျစ်၊ကော်ဖီ တန်ဖိုးမြှင့် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
ချင်းပြည်နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် ဒေသထွက်ကုန်များ တိုးဖိုးမြှင့်ရောင်းချနိုင်ရေး ရည်ရွယ်လျက် ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဉီးစီ:ဌာနနှင့် မန္တလေးအခြေစိုက် Blooming Training Centre တို့ပူးပေါင်း၍ ဝဉ ၊ ထောပတ် ၊ စပျစ် ၊ ကော်ဖီတန်ဖိုးမြှင့်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ
ပဲခူးတိုင်းဒေသကြီးအတွင်း ရေပေါ်ဆိုလာစနစ်၊ အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လာရောက်ဆွေးနွေး
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်း၌ စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက  ပဲခူးတိုင်းဒေသကြီးအတွင်း ရေပေါ်ဆိုလာစနစ်၊ အသေးစား ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် UAC Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြခဲ့
စိုက်ပျိုးရေး၊မွေးမြူ ရေး၊ငါးနှင့်သစ်တောကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (စတုတ္ထ)မူကြမ်းအပေါ် ပြည်သူများ၏ သဘောထားအမြင်နှင့် အကြံဉာဏ်ရယူရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ငါးနှင့် သစ်တောကဏ္ဏဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာ(စတုတ္ထ) မူကြမ်းအပေါ် ပြည်သူများ၏သဘောထားအမြင်နှင့် အကြံဉာဏ်ရယူရေး အလုပ်ရုံဆွေးနွေးပွဲသို့ ယနေ့ နံနက်ပိုင်းက ကျင်းပ
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များတွင် ငါးသားပေါက် ခြောက်သိန်းကျော် စိုက်ထည့် 
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များအတွက် ငါးသားပေါက်များ ထောက်ပံ့ခြင်းနှင့် ရေဘုတ်ဆည်ရေလှောင်တမံအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ယနေ့နံနက်(၈)နာရီက ကျေးလက်ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံပြီး ငါးစားသုံးမှု ပိုမိုတိုးမြှင့်လာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးနှင့် ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့စွာရှိနေစေရေးအတွက် ရည်ရွယ်၍ ငါးသားပေါက် အကောင်ရေ ခြောက်သိန်းငါးသောင်းနှစ်ထောင့်တစ်ရာအား စိုက်ထည့်ပေးခဲ့
လက်ပံတန်းမြို့တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၈ ခုလွှဲပြောင်းပေးအပ် 
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၈ ခုအား သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့