ခင်ဦးမြို့နယ်တွင် မိုးသီးနှံ (၂၆၇၀၆၅) ဧက စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စက်တင်ဘာလထိ ၂၀၁၉ ခုနှစ် မိုးသီးနှံ ၂၇၈၇၀၉ ဧက လျာထားရာ ၂၆၇၀၆၅ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။








