ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာများတွင် စက်ရေတွင်းတူးဖော်ပေးနိုင်ရေး  GP Survey တိုင်းတာမှုများပြုလုပ်

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာများတွင် စက်ရေတွင်းတူးဖော်နိုင်ရေး အတွက် မြေအောက်ရေအောင်းလွှာတည်ရှိမည့်နေရာကို Geophysical Survey(GP) ဘူမိရူပစစ်တမ်း တိုင်းတာမှုများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ခရိုင်အဆင့် မြစိမ်းရောင်စီမံကိန်းကျေးရွာဆု ရွေးချယ်နိုင်ရေး လုပ်ငန်းများကွင်းဆင်းစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကသာခရိုင်နှင့်ကောလင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ခရိုင်းဦးစီးမှုးနှင့် တာဝန်ရှိသူများသည် ခရိုင်အဆင့်မြစိမ်းရောင်စီမံကိန်း ကျေးရွာဆု ရွေးချယ်နိုင်ရေးအတွက် အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဆေးခင်းခုံကျေးရွာသို့ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြ
လူထုဗဟိုပြုစီမံကိန်း  “ဆဋ္ဌမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲ” ကျင်းပမည်
လူထုဗဟိုပြုစီမံကိန်း “ဆဋ္ဌမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ် ဆွေးနွေးပွဲ” "THE SIXTH ANNUAL UNION LEVEL REVIEW MEETING" ကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ်၌ မိုးကြိုးထိမှန်၍ အောင်စကြာစေတီတော်ကြီး ထီးတော်မြေခ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးကြိုးများပစ်သောကြောင့် အမှတ်(၅) နယ်မြေပိုင်၊ ကျောက်စုရပ်၊ မိန်းမလှ တောင်ပေါ်ရှိ အောင်စကြာ စေတီတော်ကြီး ထိမှန်ခဲ့ကြောင်း သိရ
ကျိုက်မရော မြို့နယ်အတွင်းရှိ ရေကြီးနစ်မြှုပ်မှုဒဏ်ခံခဲ့ရသည့် တောင်သူများအား မျိုးစပါးများထောက်ပံ့ပေးအပ်
မွန့်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနစ် မြုပ်တောင်သူများအား မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲနှင့် ရေကြီးနစ်မြုပ် စာသင်ကျောင်းများအား စာသင်ခုံများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်
ကော့သောင်းမြို့တွင် မြန်မာယူနီကုဒ် စနစ်ပြောင်းလဲရေးအခမဲ့ ဝန်ဆောင်မှုပေး
မြို့နေပြည်သူများ၏ အသုံးပြုလျှက်ရှိသည့် လက်ကိုင်ဖုန်းများ ရှိ စာရိုက်စနစ်  မြန်မာယူနီကုဒ် စနစ်သို့ ပြောင်းလဲသည့် နည်းပညာဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ အများပြည်သူ နားနေဆောင်ရှေ့တွင် ကော့သောင်းခရိုင်၊ ဖုန်းလုပ်ငန်းရှင်များအသင်းမှ  အခမဲ့ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ
ဝမ်းတွင်းဒေသကွင်းအမှတ်(၁၄၇၂)တွင် စိုက်ပျိုးခဲ့သောမြေပဲများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာ ကွင်းအမှတ်(၁၄၇၂)တွင် မိုးလယ်ကာလ ရွာသွန်းခဲ့သော မိုးဖြင့် မြေပဲများ စိုက်ပျိုးခဲ့ရာမြေပဲပင်များ အပင်တိုင်း အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။