အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပပြုလုပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနသည် (၃၅)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏ တတိယမြောက်နေ့အဖြစ် ယနေ့နံနက် (၉:ဝဝ) နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ (ACDM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်၊ ပူးတွဲဥက္ကဋ္ဌဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့က ဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုရှေ့နေချုပ် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Daniel Patrick Chugg နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) မှ Resident Representative ဖြစ်သူ Mr. Peter Batchelor တို့အား သီးခြားစီ လက်ခံတွေ့ဆုံ  
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg အား ယနေ့ နံနက် ဝ၉:၃၀ နာရီ အချိန်တွင်လည်းကောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) မှ Resident Representative ဖြစ်သူ Mr. Peter Batchelor အား ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် လည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ ဆုံခဲ့သည်။
(၁၃၁)ကြိမ်မြောက် သံဃာအပါး ၃၁၀ဝ ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပမည်
(၁၃၁)ကြိမ်မြောက် သံဃာအပါး ၃၁၀ဝ သပိတ်လောင်းလှူပွဲကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်(၆)နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားပရဝုဏ်အတွင်း  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံတွင်  သက်ကြီးဘိုးဘွားများအား မကူးစက်နိုင်သောရောဂါများကို အခမဲ့ကုသပေး
ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၆၂)နှစ်နှင့်အထက် သက်ကြီးဘိုဘွားများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေပေးခြင်းနှင့် ကုသပေးခြင်းကို (၂-၁၀-၂၀၁၉)ရက်နေ့က အဆိုပါဆေးရုံရှိ မိခင်နှင့်ကလေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့တွင် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
မြန်အောင်မြို့နယ် ကလေးစာပေပွဲတော်နှင့်စာအုပ်ဈေးရောင်းပွဲတော်  အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်  မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောဌာနဆိုင်ရာအကြီးအကဲများ၏ အကြိုညှိနှိုင်း ဆွေးနွေးပွဲ ယမန်နေ့ နံနက် ၁၀ နာရီက    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေး ခန်းမတွင်  ကျင်းပသည်။
ကန့်ဘလူမြို့နယ်တွင် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ  ၃ ရက်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။