သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်းဆွေးနွေးပွဲ ရပ်စောက်မြို့ကျင်းပ

လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ စီစဉ်ဆောင်ရွက်သော လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီခွဲက ရပ်စောက်မြို့ ဈေးတန်းရပ်ကွက် ဓမ္မာရုံ၌ ကျင်းပ
မြိတ်မြို့နယ်အတွင်းရှိ ပြင်းတောင်/တောင်ယာထဲ ကျေးရွာတို့၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ တတိယအကြိမ်ပေးအပ်
စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများ ဖော်ဆောင်နိုင်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများကို ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တောင်ရှည် ကျေးရွာအုပ်စု ပြင်းတောင်/တောင်ယာထဲ ကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာသူကျေးရွာသားများအား တတိယအကြိမ်မြောက် ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရ
ပုံမှန်ဝင်ငွေရရှိနေသော ကလိန်အောင်မြို့ ဒေသထွက် မျှစ်ချဉ်လုပ်ငန်း
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်လျက်ရှိရာ ရာသီပေါ်ဒေသထွက် စားသောက်ကုန်တစ်ခုဖြစ်သည့် မျှစ်ချဉ်လုပ်ငန်းမှလည်း ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင် နေသူထံမှ သိရ
ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ တစ်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွား ၂၉၅၂၈၄ ဦးဝင် ရောက်လေ့လာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၂၀၁၈ - ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ပြတိုက်သို့ လာရောက် လေ့လာလည်ပတ်သည့် ခရီးသွားဧည့်သည် ၂၉၅၂၈၄ ဦး ဝင်ရောက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အအမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းထံက သိရ
မိုင်းဖြတ်မြို့နယ် နမ့်လန်းကျေးရွာ၌ ၂၄ နာရီ ရေအားလျှပ်စစ်မီးဖွင့်ပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်ရန်ပုံငွေ ကျပ်သန်း ၁၁၀.၉၈၀ ဖြင့် ဆောင်ရွက်သည့် ၂၄ နာရီ ရေအားလျှပ်စစ်မီး သွယ်တန်းပြီးစီးခြင်းအထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက နမ့်လန်းကျေးရွာတွင်း ကျင်းပပြုလုပ်ခဲ့
မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူများထံ ချပြရှင်းလင်းဆွေးနွေး
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံ ချပြရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့
ကျုံပျော်တွင် မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီဖွဲ့စည်း
မြို့နယ်အတွင်းရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးအထောက်အကူပြု ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပြုလုပ်