တတိယအကြိမ် အပင်မျိုးခွဲခြားခြင်းနှင့် သစ်တောအုပ်ချုပ်မှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံရှိ လူငယ်ရုက္ခဗေဒပညာရှင်များနှင့် သစ်တောပညာရှင်များ၏ အရည်အသွေး မြှင့်တင်ရေးအတွက် စစ်ဆောင်ပနား အပူပိုင်းရုက္ခဗေဒဥယျာဉ် (Xishuangbanna Tropical Botanical Garden- XTBG)နှင့် သစ်တောသုတေသနဌာနတို့ ပူးပေါင်း၍ တတိယအကြိမ် အပင်မျိုးခွဲခြားခြင်းနှင့် သစ်တောအုပ်ချုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara Hotel အင်းဝခန်းမ၌ ကျင်းပသည်။
သစ်တောဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ကျွန်းရွှေဝါခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆွန်ဟွာကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပ
မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။ 
ကချင်ပြည်နယ်ရှိ မြို့နယ်သုံးခုတွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်လျက်ရှိပြီး မြို့နယ်တစ်ခု ထပ်တိုးဆောင်ရွက်သွားမည်
ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ်၊ ရွှေကူမြို့နယ်နှင့် ပူတာအိုမြို့နယ်တို့တွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်တစ်ခု ထပ်တိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဂျပန်နိုင်ငံမှ ပါမောက္ခများနှင့်တွေ့ဆုံ၍ Technical Institute ဖွင့်လှစ်နိုင်ရေး ဆွေးနွေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့၊ International University of Japan နှင့် Kosan Technical Institute မှ ပါမောက္ခများနှင့် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ၍  နယ်စပ်ဒေသမှ လူငယ်များအတွက် Technical Institute ဖွင့်လှစ်နိုင်ရေးဆွေးနွေးသည်။
သီတင်းကျွတ်ပွဲတော်အပြီးကာလ မန္တလေးပဲဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများ ရုတ်တရက် ဈေးနှုန်းမြင့်တက်
သီတင်းကျွတ်ပွဲတော် မတိုင်ခင်ကာလက ဈေးကွက်အေးစက်နေသည့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများမှာ ယခုပွဲတော်အပြီး ဈေးကွက်အစမှာပင် ဈေးနှုန်းများ ရက်ပိုင်းအတွင်း ရုတ်တရက် မြင့်တက်လာကြောင်း မန္တလေးပဲဈေးကွက်မှ သိရသည်။