ပြည်နယ်အဆင့် ဝက်သက်နှင့်ဂျိုက်သိုး ရောဂါကာကွယ်ဆေးအစုလိုက် ထိုးနှံသွားနိုင်ရေး ဆွေးနွေး
နိုင်ငံတစ်ဝန်းဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉)ပြည်နယ်အဆင့် အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။






