ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၊ ဒုတိယသမ္မတ မစ္စတာ မာရုဖ်အာမင် တို့နှင့်တွေ့ဆုံ

အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်တွင် ဂျကာတာမြို့ရှိ အင်ဒိုနီးရှားနိုင်ငံ သမ္မတအိမ်တော်သို့ရောက်ရှိပြီး သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုအား ဂါရဝပြုတွေ့ဆုံသည်။
မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ အဆင့်မြင့် မီးသတ်ယာဉ်ဖြင့် လေ့ကျင့်

ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် သုံးသပ်ခြင်းနှင့်
သံဃာတော်နှင့်သာမဏေ ၆၁ ပါး အစာအဆိပ်သင့်မှု ကျိုက်ထို၌ ဖြစ်ပွား
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာအုပ်စု ရေကျော်ကျေးရွာဓမ္မဒူတကျောင်းတိုက်တွင် သီတင်းသုံးလျှက်ရှိသည့်သံဃာတော်နှင့် သာမဏေ ၆၁ ပါး တို့မှာ အောက်တိုဘာ ၂၀ ရက် ညနေ ၇ နာရီခန့်တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့၍ သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ တင်ပို့ကာ ဆေးဝါးကုသမှုခံယူခဲ့ရသည်။
ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကို အာဆီယံ - ကိုရီးယား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကို ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီးတွင် မိုးရွာသွန်းမှုနည်းပါး၍ စိုက်ပျိုးစရိတ်ကြီးမြင့်လာမှုကြောင့် ငှက်ပျောသီးဈေးမြင့်တက်