နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲနှင့် မြို့လုံးကျွတ်မဟာဘုံကထိန်လှည့်လည်ပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၈ ရက်မှ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက် ထိ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့ မှ ၁၂ ရက်နေ့ထိ ၉ ရက်တိုင်တိုင် ပြုလုပ်ကျင်းပမည်ပြီး ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့် ပြပွဲပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီအနေဖြင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ/ပိတ်ပွဲအတွက် သီချင်းပြိုင်ပွဲ၊ စာပေ ပြိုင်ပွဲ(ဆောင်းပါး၊ဝတ္ထုတို ၊ ကဗျာ)ပြိုင်ပွဲ ၊ ပန်းချီ/ကာတွန်းပြိုင်ပွဲ ၊ အလွတ်တန်းဓါတ်ပုံပြိုင်ပွဲများကို ဖိတ်ခေါ်ကျင်းပပေးလျက်ရှိသည်။