ဘုတလင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလက်သမားသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလက်သမားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် စားသုံးရန်မသင့်သော စားသောက်ကုန်နှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ စားသုံးသူရေးရာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ထီးချိုင့်မြို့နယ်ရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စားသုံးရန် မသင့်သော စားသောက်ကုန်များကို ယနေ့နံနက် ၉ နာရီက ထီးချိုင့်မြို့ အမှတ်( ၁) ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် သွားရောက်စစ်ဆေးခဲ့သည်။
ခင်ဦးမြို့ ပြန်/ဆက်ရုံးတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စက္ကူပန်းပွင့်ပြုလုပ်နည်းသင်တန်းဖွင့် 
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး  စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စက္ကူပန်းပွင့် ပြုလုပ်နည်းသင်တန်းကို မေလ ၁၅ ရက် မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Center တွင်ကျင်းပပြုလုပ်သည်။
မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာတွင် မေ ၁၅ ရက်ညနေ ၃နာရီ ၄၈ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခိုက်၍မိုးသည်းထန်စွာရွာသွန်းမှုကြောင့်အဆောက်အဦများပျက်စီး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် မေလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်စုများအတွင်းရှိ လူနေအိမ်စက်ရုံအလုပ်ရုံများ သာသနိက အဆောက်အဦများပြိုလဲခြင်း အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။
ဓနုဖြူတွင် သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် --------------
တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ လေးမျက်နှာအနောက်ဘက်ခြမ်းဒေသ စောပြာကျေးရွာတွင် ဆေးကုသမှုဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သဲနုကုန်းကျေးရွာအုပ်စု စောပြာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၄) စစ်မြေပြင် ဆေးတပ်ရင်းမှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ သမားတော်ပါရဂူများ ကုသရေး ဆရာဝန်များပါဝင်သော အဖွဲ့များသည် ယမန်နေ့ နံနက် ၁၀ နာရီက ဒေသခံကျေးလက်နေ ပြည်သူများအား အခမဲ့ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။