တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်/ထွက် လည်ပတ်လျက်ရှိ

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံသို့ ထွက်ခွာ

ကောလင်းမြို့နယ်၌ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးအတွက် သဲချောင်းကျေးရွာတွင် လူထုနှင့်တွေ့ဆုံဆွေးနွေး
ကောလင်းမြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူဝင်းနှင့်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယမန်နေ့က သဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံလူထုနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကြသည်။
လက်မှုထုတ်ကုန်ဈေးကွက်ပြပွဲ ဗန်းမော်၌ ကျင်းပ
ကချင်ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဒိန်းမတ်လူမှုရေးအဖွဲ့ အစည်း DRC / DDG တို့ ပူးပေါင်းပြီး ဗန်းမော်မြို့ မြို့တော်ခန်းမ၌  ယနေ့နံနက် ၉ နာရီက လက်မှုကုန်ထုတ်ဈေးကွက်ပြပွဲ ကျင်းပသည်။
မြောင်းမြ ပညာရေးကောလိပ် နှစ်(၅၀)ပြည့် ရွှေရတုသဘင် ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြောင်းမြပညာရေးကောလိပ် ၏ နှစ်(၅၀)ပြည့် ရွှေရတု ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းအဝင်မုခ်ဦး၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နောင်တရားမြို့၌ အစားထိုးသီးနှံစိုက်တောင်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ တီကျစ်မျိုးသန့်ခြံ၌ တောင်သူများအား မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် စိုက်ပျိုးထားသည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ယာစပါးခေါင်နှံစိုက်ခင်းသို့ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုသည်။
ဗမာတိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းရုံး(မြစ်ကြီးနား)ဖွင့်ပွဲနှင့် စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ ပုံပြပုံပြင်စာအုပ်များ ပေးအပ်လှူဒါန်း
ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းရုံး (မြစ်ကြီးနား) ဖွင့်ပွဲနှင့် အလှူငွေပေး အပ်ပွဲ၊ ကျေးရွာစာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ ပုံပြပုံပြင်စာအုပ်များ ပေးအပ်လှူဒါန်း ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတိုက်အတွင်းရှိ အသင်းရုံးဖွင့်လှစ်သည့် နေရာ၌ ကျင်းပပြုလုပ်သည်။