မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ယမန်နေ့ ညနေ ၄ နာရီ အချိန်က မြန်မာ့ရေနံနှင့်သဘာဝလုပ်ငန်း ၊ မန်းရေနံမြေ၏ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ၊ လူမှုတာဝန်သိမှု (Corporate Social Responsibility) အစီအစဉ်ဖြင့် ဆောက်လုပ်သည့် ကြီးပင်ခံ အမှတ်(၁)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။







