ဒေသနှင့် ကိုက်ညီသော သက်လျင်စပါးမျိုးများအား တောင်သူများပူးပေါင်းပါဝင် မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် စားသုံးမှုအရည်အသွေးစစ်ဆေးမှုလက်တွေ့ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော သက်လျင် စပါးမျိုးများအား တောင်သူများပူးပေါင်းပါဝင် မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် စားသုံးမှု အရည်အသွေး စစ်ဆေးမှုလက်တွေ့ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီက မြောက်ယမား ဆည်ရေသောက်ဒေသ ငါးမောင်းစိုက်ပျိုးရေးသုတေသနစိုက်ကွင်း၌ ပြုလုပ် ကြောင်း သိရ
ပျဉ်းမနားမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိနိုင်ရေးအတွက် ကျေးလက်ရေပေးရေး အချက်အလက်များ(MIS)စနစ်ဖြင့် အချက်အလက်များအား ကောက်ယူလျက်ရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ် အတွင်း သောက်သုံးရေမရရှိသေး သည့် ကျေးရွာများအား သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရေးအတွက်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဉီးစီးဌာန ဉီးစီးမှူးနှင့် တာဝန်ရှိ သူများသည် ကျေးလက်ပေးရေးအချက်အလက်များ(MIS)စနစ်ဖြင့်  မြေပြင်ရှိ အချက်အလက်များ ကောက်ယူခြင်းကို ယနေ့၊ နံနက်ပိုင်းတွင် ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်စိမ့်ပင်ကျေးရွာတွင် အဆိုပါ ကျေးရွာ၏ အချက်အလက်များအား ကောက်ယူလျက်ရှိကြောင်း သိရ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ
၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ UNICEFမှ (ချင်းပြည်နယ်တာဝန်ခံ) ဦးကျင်ခက်ထန်နှင့် ဝန်ထမ်း များ၊ အရပ်ဖက် အဖွဲ့အစည်းအသီးသီးတို့မှ ဖိတ်ကြားထားသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ များနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ
ကလိန်အောင်မြို့၌  သံပုရာပင်စိုက်ပျိုး၊ပြုစု၊ထိန်းထိမ်းနည်းသင်တန်းပို့ချ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့  စိုက်ပျိုးရေးဦးစီးဌာနရုံး၌  ရတနာလူမှု စီးပွားစီမံကိန်း စိုက်ပျိုးမွေးမြူရေးအဖွဲ့ တာဝန်ခံဦးစိုင်းစံပွင့်က တောင်သူများအား သံပုရာပင် စိုက်ပျိုး၊ ပြုစု၊ထိန်းသိမ်းနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက စာတွေ့လက်တွေ့ သင်ကြား ပို့ချ‌ပေးကြောင်း သိရ
ပဲခူးမြို့ ကလိလက်ကားဈေး(Whole Sale Centre) စီမံကိန်းရှိ ပွဲရုံများနှင့် ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲပြုလုပ်
ပဲခူးမြို့ ကလိကျေးရွာ ရန်ကုန်-မန္တလေး ကားလမ်းဘေး၌ ကလိလက်ကားဈေး(Whole Sale Centre)စီမံကိန်းရှိ ပွဲရုံများနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်
ဒီဇင်ဘာလူထု လှုပ်ရှားအားကစားပွဲအကြို ဂန့်ဂေါတွင်စုပေါင်းလမ်းလျှောက်
ဒီဇင်ဘာလူထုလှုပ်ရှား အားကစားပွဲအကြို လူထုလမ်းလျှောက်ပွဲကို ဂန့်ဂေါမြို့ အ.ထ.က ကျောင်းအားကစားကွင်း၌ ယနေ့နံနက် ၉ နာရီတွင်  ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာ ဦးစီး ဌာနက ကြီးမှူးပြုလုပ်
မကွေးမြို့ ဗိုလ်ချုပ်လမ်း၌ ယာဉ်စည်းကမ်းဖောက်ဖျက်သူများအား တစ်ပတ်လျှင်လေးရက် စစ်ဆေး အရေးယူနေ
မကွေးမြို့တွင်း ဖြတ်သန်းသွားလာမှုများတွင် အသုံးပြုမှုများသည့် ဗိုလ်ချုပ်လမ်း၌ ယာဉ် စည်းကမ်းဖောက်ဖျက်သူများအား ရက်သတ္တတစ်ပတ်လျှင် လေးရက်( တနင်္လာနေ့မှ ကြာသာပတေးနေ့ထိ) စစ်ဆေး အရေးယူမှုများလုပ်ဆောင်လျက်ရှိ ကြောင်း အမှတ်(၁၅) ယာဉ်ထိန်း တပ်ဖွဲ့စု(မကွေး)မှ သိရ