ကံမမြို့နယ်ရှိ တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများသို့သွားရောက်၍ တိုင်းရင်သားဘာသာစာပေများဖြင့် စာဖတ်ဝိုင်းပြုလုပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အရှိုချင်းတိုင်းရင်းသားများနေထိုင်သည့် ရွာသစ်ကျေးရွာနှင့်ဘန့်ဘွေးကျင်းကျေးရွာတို့ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ယမန်နေ့ နေ့လယ်က သွားရောက်၍ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။



