ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ် လက်ပံတုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
မန္တလေး မဟာမုနိရုပ်ရှင်တော်တွင် နိုင်ငံခြားသား ခရီးသွားများအား ဝင်ကြေးစတင်ကောက်ခံ
မန္တလေး မဟာမုနိရုပ်ရှင်တော်တွင် နိုင်ငံခြားသား ခရီးသွားများအား ဝင်ကြေးကောက်ခံမှုကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကောက်ခံခဲ့ကြောင်း မဟာမုနိရုပ်ရှင်တော်ဂေါပက အဖွဲ့မှ သိရသည်။
ငပုတော-မြောင်းမြ ကားလမ်းအား ယာဉ်နှင့် ကုန် ၁၀ တန်အထိ တင်ဆောင်နိုင်သော ကားများသာ ဖြတ်သန်းသွားလာခွင့်ပြု
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့နှင့် မြောင်းမြမြို့သို့ ဆက်သွယ်ထားသည့် ငပုတော-မြောင်းမြ ကားလမ်းအား မိုးရာသီကာလအတွင်း ကားကြီးများ ဖြတ်သန်းသွားလာခြင်းကြောင့် လမ်းများပျက်စီးမှုမဖြစ်ပေါ်စေရန်နှင့် လမ်းများ ရေရှည်အသုံးပြုနိုင်စေရန်အတွက် ယာဉ်နှင့် ကုန် ၁၀ တန်အထိ တင်ဆောင်နိုင်သော ကားများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ငပုတောမြို့နယ် လမ်းဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
အသိပညာပေးဟောပြောခြင်းနှင့် (OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့်ဆက်စပ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရုံးဌာနများ၏ လုပ်ငန်းများ ပြည်သူများ သိရှိနိုင်ရေးတို့အတွက် ကနီမြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် ကနီမြို့နယ် သလင်းကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဝါးများရှားပါးလာခြင်းနှင့် ဈေးနှုန်းကြီးလာခြင်းကြောင့် ထိုင်ခုံရက်လုပ်သူများ အခက်ကြုံနေရ
ဝါးများရှားပါးလာခြင်းနှင့်အတူ ဈေးနှုန်းကြီးလာခြင်းကြောင့် ဝါးဖြင့် ခုံရက်လုပ်သူများ အခက်ကြုံနေရကြောင်း ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ခုံရက်လုပ်သူများထံမှ သိရသည်။
မိုးနဲမြို့၌ အသက် (၈၅)နှစ်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ  အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွားများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီ၊ မေနှင့် ဇွန်လများအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာ ယနေ့နံနက် ၉ နာရီက  မြို့ပေါ်ရပ်ကွက်ရှိ အဘိုး၊ အဘွား ၄၈ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထန်တလန်မြို့နယ်၌ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့တွင် ထန်တလန်မြို့နယ်၏ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ----------