မိုင်းယုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား အခမဲ့ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ပေး
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ဒီဇင်ဘာ ၁၄ ရက်က ကျေးလက်နေပြည်သူများအား နယ်လှည့်ဆေးကုသရေးလုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။






