ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Exotic Myanmar Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား ဧည့်သည် ၅ ဦး၊ အီတလီနိုင်ငံသား ဧည့်သည် ၁၆ ဦး၊ စုစုပေါင်း ခရီးသွားဧည့်သည် ၂၁ ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် ၉ စီးဖြင့် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ တာချီလိတ်-ကျိုင်းတုံ- နမ့်စန်-အင်းလေး- မန္တလေး-ပုဂံ- မုံရွာ-ကလေး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရ







