တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) တို့သို့ နိုင်ငံတကာနှစ်သစ်ကူးအကြို ရုံးပိတ်ရက် လာရောက်လည်ပတ်သူများဖြင့် စည်ကား

နိုင်ငံတကာ နှစ်သစ်ကူးအကြိုကာလဖြစ်သည့်အပြင် ကျောင်းသူကျောင်းသားများ ဒီဇင်ဘာကျောင်းပိတ်ရက် ကာလဖြစ်သည့်အတွက် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)နှင့် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) တို့သို့ ယနေ့နံနက်ပိုင်းမှစ၍ လာရောက်လေ့လာ လည်ပတ်သူများ ပိုမိုများပြား စည်ကားလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ရောင်းချလျက်ရှိသည့် ဆေးဆိုင်များမှ FDA ထံ သက်တမ်းလွန်ဆေးဝါးများ အပ်နှံမှုများရှိ
မကွေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) သို့ သက်တမ်းလွန်ဆေးဝါးများ လာရောက်အပ်နှံမှုများရှိကြောင်း မကွေးတိုင်းဒေသကြီး FDA တိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးထံမှ သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးများလှိုင်လှိုင်ပေါ်၍ တောင်သူများအဆင်ပြေလျက်ရှိ
ပုဂံခေတ်မှသည် ခေတ်အဆက်ဆက် စပါးကျီဟု တင်စားခေါ်ဝေါ်ခဲ့သော မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ စပါးအထွက်နှုန်းကောင်းမွန်မှုကြောင့် စပါးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သာစည်ကျေးရွာတွင် လယ်ယာထုတ်ကုန်ဧက ၃၀၀ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် သာစည်ကျေးရွာတွင် လယ်ယာထုတ်ကုန် ဧက ၃၀ဝ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျောက်ထုမြို့ဒေသ၌ စပ်မျိုးနေကြာများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် စပါးများရိတ်သိမ်းပြီးနောက် စိုက်ပျိုးထားသည့် ဆောင်းသီးနှံ စပ်မျိုးနေကြာ ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  
မိုင်းကိုင်ဒေသထွက် လိမ္မော်သီးရောင်းချသူများ အဆင်ပြေ
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းကိုင်ဒေသထွက် လိမ္မော်သီး ရောင်းချသူများ စီးပွားဖြစ် တွက်ချေကိုက် အဆင်ပြေကြကြောင်း သိရသည်။
မျက်မှောက်ခေတ် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တက္ကသိုလ်ကင်းထောက် လူငယ်တို့၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ ကျင်းပ
လူငယ်နှင့် ငြိမ်းချမ်းရေး အစီအစဉ်အရ ကျင်းပသော ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲအား မျက်မှောက်ခေတ် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တက္ကသိုလ်ကင်းထောက် လူငယ်တို့၏ အခန်းကဏ္ဍ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ရုံး၌ လူငယ်ငြိမ်းချမ်းရေး သံတမန်များ ဦးဆောင်၍ ကျင်းပရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် တက္ကသိုလ် ကင်းထောက်လူငယ်များ တက်ရောက်ကြသည်။