ရေဖြူမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ရိုးရာဖိတ်ခေါ်လှေလှော်ပြိုင်ပွဲ ကျင်းပ

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ရိုးရာဖိတ်ခေါ်လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့ပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ကမ်းနားလမ်း၌ ထားဝယ်မြစ်အတွင်း ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပ
ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ အများအပြား လာရောက်ကြသဖြင့် ဗူးဘုရား ဧရာဝတီမြစ်ဆိပ်ရှိ စက်လှေလုပ်ငန်းရှင်များ ဝင်ငွေကောင်း
နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဆုတောင်းပြည့် စွယ်တော်လေးဆူဘုရားများအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည်များ လာရောက်ဖူးမြော်ကြသဖြင့် ဗူးဘုရားအနီး ဧရာဝတီမြစ်ဆိပ်ရှိ စက်လှေလုပ်ငန်းရှင်များ တန့်ကြည့်တောင် ဘုရားကြီးသို့ ခေါက်တုန့်ခေါက်ပြန် ဘုရားဖူးဧည့်သည်များကို ပို့ဆောင်ပေးရာ ဝင်ငွေကောင်းပြီး လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း အဆိုပါ ဗူးဘုရားဧရာဝတီမြစ်ဆိပ်ရှိ စက်လှေလုပ်ငန်းရှင်များထံမှ သိရ
မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရတနာရောင်းချပွဲ ပထမနေ့၌ ပြည်တွင်းကျောက်မျက် ကုန်သည် များဖြင့် စည်ကား
ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များ ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းဝယ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာစေရန်အတွက် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ကျင်းပ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စံပြမိခင်နှင့် ကလေးပြိုင်ပွဲ ကျင်းပ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စံပြမိခင်နှင့် ကလေးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီခွဲက ကျင်းပခဲ့
ကောလင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြင် သင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌  ကျင်းပခဲ့
မတ္တရာမြို့နယ် ပညာရေးမှူးဖလား ယူ-၁၀ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီက ကံဖြူကျေးရွာ ဘောလုံးကွင်း၌ ကျင်းပခဲ့
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများ စတင်
စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်(၁၀)ခုတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီမှ စတင်ကောက်ယူလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၏ ပြောကြားချက်အရ သိရ