စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မုံရွာဂေါက်ကလပ်တွင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ကိုယ်စားပြုအသင်းများနှင့် မြို့နယ်များကိုယ်စားပြု ဂေါက်သီးရိုက် အားကစားသမားများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နိုင်ငံတကာစျေးကွက်ရရှိရန် ကျောက်မျက်ပြပွဲတွင် နိုင်ငံခြားသား ဝယ်ယူသူများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးမည်
ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည့် တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာပြပွဲ-၂၀၂၀ တွင်
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ကျေးရွာ ၁၁ ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
တောင်ခင်ရန်းကျေးရွာ ရွာတည် နှစ် (၁၀၀)ပြည့်အထိမ်းအမှတ် စာပေဟောပြော
ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာ ရွာတည် နှစ် (၁၀၀)ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲကို ဇန်နဝါရီ ၄ ရက် ည ၇ နာရီက တောင်ခင်ရန်းရွာ ပညာလင်္ကာရဓမ္မာရုံတွင် ပြုလုပ်သည်။
မော်လူးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ဓာတ်မှန်ရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မော်လူးမြို့ ၂၄ နာရီ မီးလိုင်းထိန်းသိမ်းရေးကော်မတီမှ ကျပ် သိန်း ၄၀၀ ကျော် ခန့်တန်ဖိုးရှိ
လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျူတာ (Web System) သင်တန်းဆင်းပွဲကျင်းပ၊ ကွန်ပျူတာသင်တန်းများ အခမဲ့ဆက်လက်ဖွင့်လှစ်ပေးသွားမည်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကွန်ပျူတာ (Web System) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး-အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်း ယာယီလမ်းပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်တွင် မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော်ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။