မကွေးတိုင်းဒေသကြီး စလင်းမြို့ ပေါင်းနားရပ်ကွက်၊ မင်းဘူး-စလင်း ကားလမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ စတေကာကပ်ပေးခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။