အောင်လံမြို့နယ် သံချိတ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် Myanmar Book Aid & Preservation Foundation (MBAPF)၏ “စာဖတ်ကြစို့”စီမံကိန်းဖြင့် အောင်လံမြို့နယ်တွင် ပထမဦးဆုံး အကောင်အထည်ဖော်ဆောင်ရွက်သော “သုတကမ္ဘာ”ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် စုံညီပွဲတော်ကို ယနေ့ နံနက် နံနက်(၉)နာရီခွဲက ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်၊ လက်ထောက်ပညာရေးမှူး ဦးသန်းဇော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်း၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များ၊ သံချိတ် အ.လ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ၄င်းတို့၏ မိဘများ တက်ရောက်ကြ