ညောင်ဦးမြို့နယ်၌ GAP – Food Safety – Organic နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံများ စိုက်ပျိုးရာတွင် ပြည်သူများ အစားအစာ ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် အရည်အသွေးကောင်းမွန်သော သီးနှံထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ GAP – Food Safety – Organic နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။






