ရွှေစက်တော် မန်းချောင်းအတွင်း ရေချိုးဆင်းသူများ အန္တရာယ်ကင်းစေရန် ရေနစ်ဝဲရှိသည့် နေရာများ၌ သတိပေးစာများချိတ်ဆွဲပြသထား
မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဇန်နဝါရီ ၂၉ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ပွဲတော်လာပြည်သူများ မန်းချောင်းအတွင်း ရေချိုးဆင်းလျှင် အန္တရာယ်ကင်းစေရန်အတွက် ရေနစ်ဝဲရှိသည့် နေရာများ၌ သတိပေးစာများ ချိတ်ဆွဲပြသထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။





