တာချီလိတ်၌ ယန်းကျောက်-ဝှေလေလန် ကတ္တရာလမ်းသစ်ဖွင့်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု မယ်လိတ်ပါကော်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု ယန်းကျောက်-ဝှေလေလန် ကတ္တရာလမ်းသစ်ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။






