ညောင်လေးပင်မြို့နယ်အတွင်း ပထမနှစ်စီမံကိန်းအရ စွမ်းအားမြင့်မီးဖို (၄၄၂၀)လုံးအား ဖြန့်ဖြူးပေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံတွင် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းအရ ကျေးရွာအရောက်ဖြန့်ဖြူးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း ကျေးရွာများ၌ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။






