အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ- NPSC အစည်းအဝေးကျင်းပ
အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (International Fund for Agricultural Development-IFAD) ချေးငွေ၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၂၀ ဒသမ ၂၅၇)သန်းဖြင့် (၆)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက် မည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ-NPSC အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။








