မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများလှူဒါန်း

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ လှူဒါန်းပွဲကို  ဖေဖော်ဝါရီ (၈)ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဖေဖော်ဝါရီ (၈) ရက် ညပိုင်းတွင် သူနာပြုတက္ကသိုလ် ရန်ကုန်၌ ကျင်းပခဲ့သည့် သူနာပြုတက္ကသိုလ် ရန်ကုန်၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ရှေးဟောင်းဓနုဖြူခံတပ်အား ကြည့်ရှုစစ်ဆေး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ရှိ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲတွင် စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဓုလ ဦးဆောင်၍ အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်ခဲ့ သည့် ရှေးဟောင်းဓနုဖြူခံတပ်၏ ကျန်ရှိနေသေးသော အုတ်ရိုးအစိတ်အပိုင်းများ ပြုပြင် ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ဆုရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာအလယ်တန်းအဆင့် ကဗျာရေးနည်းပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ၊ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဂျပန်ဘာသာစကားပြောသင်တန်း မြင်းမူမြို့တွင် ဖွင့်လှစ်သင်ကြားမည်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်ချက်  တိုင်းဒေသကြီး လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့တွင် ဂျပန်ဘာသာ စကားပြောသင်တန်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လုဒ်သခင်မ လိုဏ်ဂူပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပြီး ယူဆမိုကျေးရွာအုပ်စုအတွင်း ဆောင်ရွက်လျက်ရှိသော ရေရရှိရေးနှင့် ကုန်ထုတ်လမ်းတို့အား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၆၆) နှစ်မြောက် လွိုင်ကော်ကက်သလစ်သာသနာ၊ သာသနာလုံးဆိုင်ရာ .............
ဖိုးဉီးတောင် စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအဖွဲ့ ဝန်ကြီးချုပ် ဉီးဝင်းသိန်းသည် တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဉီးအောင်ဇော်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းထွန်းဉီးတို့လိုက်ပါလျက် ယမန်နေ့နံက် ၈ နာရီ အချိန်တွင် ရွာသာယာအုပ်စု ဖိုးဦးတောင် စေတီတော်မြတ်ကြီးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။