ငရုတ်ကောင်းမြို့နယ်တွင်း ပြင်းထန်အဆုတ်ရောင်ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် (၅)နှစ်အောက် ကလေးငယ်များအား သန်ချဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကျေးလက်ကျန်းမာရေး ဦးစီးဌာနတွင် ယနေ့ နံနက် ၁၁ နာရီ က  ကိုရိုနာဗိုင်းရပ်စ်(ဝူဟန်)ပြင်းထန်အဆုပ်ရောင်ရောဂါပညာပေး ဟောပြောပွဲနှင့်( ၅ )နှစ်အောက် ကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ
လက်ပံတန်းမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မှုခင်းများ လျော့နည်းကျဆင်းစေရေး ဟောပြောပွဲပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မှုခင်းများ လျော့နည်းကျဆင်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အထက ခမုံဆိပ်ကျောင်းတွင် ပြုလုပ်ခဲ့
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၌ ရှေးဦးပြုစုခြင်း အခြေခံနှင့်သာမန် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး ဖွင့်လှစ်သော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ရှေးဦးပြုစုခြင်း အခြေခံနှင့်သာမန် အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ တက္ကသိုလ်၌ ကျင်းပ
(၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ
(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းမြို့အထက်တန်းကျောင်း၌ စာဖြေဆောင် တိုးချဲ့ဆောက်လုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ် သိန်း(၅၀) ထောက်ပံ့လှူဒါန်း
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၌ ကျောင်းသား/ကျောင်းသူများအတွက် စာဖြေကျောင်းဆောင် ဆောက်လုပ်နိုင်ရေး ဖေဖော်ဝါရီ ၉ ရက် ၊ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၅၀) ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရ
မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အရပ်ဖက် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ ဦးဆောင်၍ ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၏ မူးယစ်ဆေးစွဲသူများ အတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရုံး၌ ပြုလုပ်
မဏ္ဍိုင်(၄) ရပ် တွေ့ဆုံဆွေးနွေးပွဲ ထားဝယ်မြို့၌ ကျင်းပ
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကျင်းပပြုလုပ်သော မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ Diamond Crown ဟိုတယ်၌ ကျင်းပလျက်ရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ သိရ