မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရန်အတွက် လူမှုရေးကူညီမှုအသင်းများမှ ခရီးသွားပြည်သူများအား နှာခေါင်းစည်းပေးဝေခြင်းနှင့် ပိုးသတ်လက်ဆေးရည်ဖြင့် လက်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။





