အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းရှိ သပိတ်ဆေးစခန်းနှင့် ဘုရားရင်ပြင်တော်၌ ဘုရားဖူးရာသီတွင် ပညာပေးပြခန်းများဖွင့်လှစ်ပြသထားရှိ
ကနီမြို့နယ် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းရှိ သပိတ်ဆေးစခန်းနှင့် အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာ ရင်ပြင်တော်တို့တွင် ဘုရားဖူးရာသီကာလ ဘုရားဖူးဧည့်သည်များ ဝင်ရောက်လေ့လာနိုင်ရန် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်နှင့် ပတ်သက်သည့် အသိပညာပေးပြခန်း(၂)ခန်းအား ဖွင့်လှစ်ပြသထားကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောပြချက်အရ သိရသည်။







