အခြေခံမူလတန်းအဆင့် Grade-4 သင်ရိုးသစ် တိုင်းဒေသကြီးအဆင့်သင်တန်း ဖွင့်လှစ်မည့် ရက်ရွှေ့ဆိုင်း
မန္တလေးမြို့တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပြောင်းလဲသင်ကြားမည့် အခြေခံပညာ မူလတန်းအဆင့် Grade-4 သင်ရိုးသစ် တိုင်းဒေသကြီးအဆင့်သင်တန်းအား Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဖွင့်လှစ်မည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။






