မန္တလေးဈေးချိုတော် အပါအဝင် ဈေးများအားလုံးရှိ အစားအသောက်နှင့် ဆေးဝါးဆိုင်များမှလွဲပြီး အားလုံး ပိတ်သွားမည်

မန္တလေးမြို့ရှိ ဈေးချိုတော်အပါအဝင် ဈေးများအားလုံးရှိ အစားအသောက်နှင့်ဆေးဝါးဆိုင်များမှ လွဲပြီး ကျန်ဈေးဆိုင်များအားလုံး ပိတ်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာနမှ သိရ
မန္တလေးမြို့တွင် ကုန်ပစ္စည်း ပြတ်လပ်မှုရှိပါက ရပ်ကွက်အတွင်း လိုက်လံရောင်းချပေးသွားမည်
မန္တလေးမြို့တွင် ကုန်ပစ္စည်း ပြတ်လပ်မှုရှိပါက ရပ်ကွက်အတွင်း လိုက်လံရောင်းချပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှသိရ
နမ့်ခမ်းမြို့ရှိ ရွှေလီကူး ကူးတို့ဆိပ်ဖြစ်သော မန့်ဟောင်းကူးတို့ဆိပ်နှင့် နောင်တိန်းကူးတို့ဆိပ်တို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ ရွှေလီကူး ကူးတို့ဆိပ်ဖြစ်သော မန့်ဟောင်းကူးတို့ဆိပ်နှင့် နောင်တိန်းကူးတို့ဆိပ်တို့၌ (Covid-19) ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ အသုံးပြုသည့် ကုန်တင်ယာဉ်များ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတို့ကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာ၍ စောင့်ကြပ်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ
ထန်းကုန်းနှင့် ကန့်ဘလူဘူတာကြားတွင်  သစ်လုံးရထား တွဲချော်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်  ထန်းကုန်းနှင့် ကန့်ဘလူဘူတာကြား မိုင်တိုင်အမှတ်( ၄၈၇/၂၄) နှင့်(၄၈၇/၂၃)အကြားတွင် မတ် ၂၈ ရက်နံနက် ၅ နာရီ မိနစ် ၄၀ က သစ်လုံး ရထား အမှတ်(၅၁၄)အစုန်ရထားသည် သစ်လုံးတွဲလေးတွဲ ချော်ကျမှုဖြစ်ပွားခဲ့ရာ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းမှာ ပိတ်ဆို့ခဲ့ကြောင်း သိရ
ရေဦးမြို့နယ်တွင် ( COVID – 19 )ဆိုင်ရာသတင်းမှန်ထုတ်ပြန်နိုင်ရေး  လုပ်ငန်းဆိုင်ရာများဆွေးနွေး
ရွှေဘိုခရိုင် ရေဦးမြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုးရုံးခန်းတွင် ယနေ့ နံနက်ပိုင်းက ကမ္ဘာလုံးဆိုင်ရာ ( COVID – 19 ) ကပ်ရောဂါနှင့်ပတ်သက်၍ အများပြည်သူ သိသင့် သိထိုက်သော  သတင်းအချက်အလက်အမှန်များ ထုတ်ပြန်နိုင်ရေးအတွက်  မြို့နယ်တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ‌ တွေ့ဆုံဆွေးနွေးခဲ့ကြ
မြိတ်ခရိုင်တွင်  COVID-19 ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့်  ရောဂါကြိုတင်ကာကွယ် နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကျွန်းအပန်းဖြေခရီးများရပ်နား
COVID-19 ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင် အတွင်းသို့ နိုင်ငံခြားမှပြန်လည်ရောက်ရှိလာသူများ ကျန်းမာရေးစစ်ဆေးရန်နေရာနှင့် နိုင်ငံခြားသား လာရောက်မှုကို စောင့်ကြည့်ရန်ကန့်သတ်ပြီး ကျွန်းများသို့ အပန်းဖြေခရီးသွားလာလည်ပတ်မှုကို မတ်လ(၂၈)ရက်မှ စတင်ကာ ရပ်နားလိုက်ကြောင်း မြိတ်ခရိုင် Covid 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီမှ သိရ
မိုးညှင်းမြို့တွင် COVID-19 သံသယလူနာများထားရှိနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုနှင့်အတူ ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများက  သံသယလူနာများ တွေ့ရှိပါက  ထားရှိနိုင်ရေး ကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ