နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှုအတွက် အကူအညီ အလွယ်တကူတောင်းခံနိုင်

၂၀၂၀ ပြည့်နှစ်၊ နွေရာသီကာလအတွင်း ကျေးရွာများ၌ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာများတွင် သောက်သုံးရေလုံလောက်မှု ရှိ/မရှိနှင့် ရေပြတ်လပ်မှုဖြစ်နိုင်ခြေများအား ကွင်းဆင်း၍ ကြိုတင်စာရင်း ကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့်  စားနပ်ရိက္ခာများ ပြတ်လပ်နိုင်ဖွယ်မရှိ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် လတ်တလောဖြစ် ပွားလျက်ရှိ သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့်  ခရိုင်၊ မြို့နယ်၊ ကျေးရွာများတွင်  စားနက်ရိက္ခာများ ပြတ်လပ်နိုင်ဖွယ်မရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရ
ညောင်ဦးမြို့နယ် သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်မှ ပဲဆီများအား ယခင်ဈေးနှုန်းအတိုင်း ပြည်သူများအား ရောင်းချပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်မှ ပြည်တွင်း စားသုံးဆီ ဖူလုံစေရေးအတွက် ပဲဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယခုလက်ရှိ ဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါနှင့် ပက်သက်၍ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ် ၂၃ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြု ကြေညာပြီး နောက်ပိုင်းတွင် ပြည်သူများ စိုးရိမ်ကြောက်လန့်မှုဖြင့် ဈေးများတွင် စားသောက်ကုန် ဆန် ၊ ဆီ ၊ ဆားနှင့် ဆေးပစ္စည်းများ အလုအယက်ဝယ်ယူမှုများ ဖြစ်ပွားခဲ့သဖြင့် ပြည်သူများ စားသုံးဆီနှင့် ပက်သက်ပြီး အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ညောင်ဦးမြို့နယ်သမဝါယအသင်းစုပိုင်ဆီစက်အနေဖြင့် ပဲဆီများကို ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ယခင်ရောင်းချနေသည့် ဈေးနှုန်းအတိုင်း ရောင်းချပေးနေကြောင်း အဆိုပါ ညောင်ဦးမြို့နယ်သမဝါယမအသင်းစုဉက္ကဌ ဦးဌေး ထံမှ သိရသည်။  
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ပင်လုံမြို့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်၊ ကာကွယ်ရေး အထူးကြပ်မတ်ဆောင်ရွက်သည့်နေရာသို့ လာရောက်ကြည့်ရှု
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့သို့ရောက်ရှိကာ  ထိုင်းနိုင်ငံမှ ဝင်ရောက်လာ သူ(၁၅)ဦးအား (Facility Quarantine) အဖြစ်ထားရှိသည့် ပင်လုံတက္ကသိုလ်ဘော်ဒါဆောင်သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းအထူးကြပ်မတ်ဆောင်ရွက်ရန်အတွက် လိုအပ်သည်များ မှာကြားသည်။
မြို့သစ်မြို့နယ်ရှိ ကျန်းမာရေးစင်တာသို့အလှူငွေများပေးအပ်
မကွေးခရိုင်၊မြို့သစ်မြို့နယ်ရှိ   မြို့နယ်အဆင့်ကျန်းမာရေးစင်တာအတွက် အလှူငွေပေးအပ်ခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
ဆီဆိုင်မြို့၌  ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ပေးအပ်ပွဲအခမ်းအနား ကျင်းပ
ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ပေးအပ်ပွဲအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီးသည်စီးနင်းလိုက်ပါမှု ယခင်ကထက် လျော့နည်း  
ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်သင်္ဘောဆိပ်ကမ်း၌ ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်ရှိ မိဘပြည်သူများ နေ့စဉ်ပုံမှန်သွားလာလျက်ရှိရာ ခရီးသည်စီးနင်းလိုက်ပါမှုအနေဖြင့် ယခင်ကထက် သိသိသာသာ လျော့နည်းသွားကြောင်း၊ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးနှင့်  ရောဂါပိုးကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် လက်ဆေးဘေစင်များ ထားရှိပေးခြင်း နှင့် ညစဉ် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများနှင့်  ခရီးသည်များသွားလာရေး အဆင်ပြေချောမွေ့စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။