မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သဘင်လုပ်သားအဖွဲ့ဝင်များ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံသဘင် အစည်းအရုံးနှင့် CB – KMA Foducation တို့ ပူးပေါင်း၍ ဧပြီ ၂၇ ရက် ၊ နံနက် ၁၀ နာရီခွဲက ဆန် ၊ ဆီ ၊ ဆား ၊ ပဲ ၊ ကြက်သွန် အခြေခံ စားသောက်ကုန် ပစ္စည်း(၅)မျိုးအား ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လာရောက် ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရ