ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပညာရေးဝန်ကြီးဌာနမှ အထောက်အကူပြု စက်ပစ္စည်းများ လှူဒါန်း
ပညာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အထောက်အကူပြု စက်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လာရောက်လှူဒါန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လက်ခံ ရယူသည်။







