နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ သက်တော် (၉၁) နှစ်မြောက် ဝိဇာတမွေးနေ့အကြိုအဖြစ် ချို့တဲ့ပြည်သူများအား အခြေခံစားသောက်ကုန်များလှူဒါန်း
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ သက်တော် (၉၁) နှစ်မြောက် ဝိဇာတမွေးနေ့ အကြိုအဖြစ် တပည့်၊ ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ချို့တဲ့ပြည်သူများအား အခြေခံစားသောက်ကုန်များ လှူဒါန်းသည့် အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ပြုလုပ်သည်။








