ကမာရွတ် ၁၁ မေ
ယနေ့ နံနက် ၉ နာရီက ကမာရွတ်မြို့နယ် ၉ ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များဆေးရုံသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ Examination Glove ၊ Surgical Mask ၊ Hand Gel ၊ Non-Contact Thermometer ၊ လက်သန့်ဆေးရည်တို့နှင့် ဖြည့်စွက် အစားအစာများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး လှူဒါန်းသည့် ပစ္စည်းများ ပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုအတွက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်း(ပြန်/ဆက်)